Showing posts with label ပါ(စ်)ပို့ သတင်း. Show all posts
Showing posts with label ပါ(စ်)ပို့ သတင်း. Show all posts

Wednesday, April 9, 2014

★★ ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ ★★


ရန်ကုန် ဧပြီ ၈

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲကလာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။


ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှုခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့်ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့်လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

“အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။

အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေးသက်သာပြီးဈေးဝယ်၍
ကောင်းခြင်းကြောင့်ပိတ်ရက်ရှည်များတွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

ဇေဝေယံ
Popular Myanmar News Journal


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။

★★နည်းပညာမြို့တော်★★

ထိုင်းနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင်ပြုလုပ်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများသိရှိစေရန်


9.4.2014

၂၀၁၃ခုနှစ်တွင်ပြုလုပ်ထားသော Passport စာအုပ်များမှာ အများသောသူများသည် အလုပ်ရှင်အဌား ဖြင့်ပြုလုပ်ထားသူများဖြစ်ကြပါသည်။ ထိုအချိန်က အလုပ်ရှင်များသည် အလုပ်သမားများကို မိမိတို့အလုပ်ရုံတွင်မခိုင်းပဲ ကိုတ ဌားရန်အသုံးပြုခဲ့ကြပြီး အခုအခါတွင် ထိုင်းအစိုးရမှ အလုပ်သမားတစ်ဦး ဘတ် ၁ဝဝဝ ကောက်သောအစီအစဉ် ဖြစ်ပေါ်လာသဖြင့် အလုပ်ရှင်များသည် မိမိတို့စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားများမရှိသောကြောင့် ဘတ် ၁ဝဝဝ စိုက်ထုပ်ရမည်ပုံစံဖြစ်ပေါ်လျှက်ရှိနေပါသည်။
 ထိုကြောင့်အလုပ်သမားများအား အသိမပေးပဲ ကျန့်အော် များထုတ်ယူနေကြပါသည် ကျန့်အော် ထုတ်လိုက်လျှင်အလုပ်ရှင်မှ ဘတ် ၁ဝဝဝ စိုက်ထုတ်စရာမလိုတော့ပဲ အလုပ်သမားမျာအတွက်နစ်နာစရာများဖြစ်ပေါ်လာနိုင်ပါသည်။

ထိုကြောင့်အလုပ်သမားများအနေဖြင့် အရင် Passport ပြုလုပ်ပေးထားသောပွဲစား သို့မဟုတ် အေးဂျင့်များ နှင့် အမြန်ဆုံးဆက်သွယ်ပြီး အရင်အလုပ်ရှင်မှ ကျန့်အော် တောင်းခံပြီး ယခုလက်ရှိ အလုပ်လုပ်နေသော အလုပ်ရှင်တွင် ကျန့်ခေါက် လုပ်ရန် လိုအပ်ပါသည်။ ထိုသို့မပြုလုပ်ပါက အလုပ်သမားများ ကိုင်ဆောင်ထားသော Passport များမှာ အခက်အခဲများ နစ်နာစရာများဖြစ်ပေါ်လာနိုင်ပါသည်ဟု အသိပေးအပ်ပါသည်။

Ref : ထိုင်းလုပ်သားသတင်း

Myanma Spectrum