Thursday, October 23, 2014

✉ ပြောင်းလဲပြင်ဆင်မှု ၇,၀၀၀ ခန့် ပါဝင်သည့် Windows 10 Technical Preview update ကို Microsoft ဖြန့်ချီ ✉


 
လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ဖြန့်ချိခဲ့သည့် Windows 10 Technical Preview အတွက် update ကို Microsoft မှ ဖြန့်ချိပေးခဲ့သည်။ အဆိုပါ Build 9860 update တွင် feature သစ်များ ပါဝင်လာသလို အားနည်းချက် အချို့ကိုလည်း ပြင်ဆင်ပေးထားကြောင်း သိရသည်။


Windows 10 Techinal Preview update တွင် ပြောင်းလဲပြင်ဆင်မှု ၇,၀၀၀ ခန့် ပြုလုပ်ထားကြောင်း Microsoft မှ ပြောကြားခဲ့သည်။


၎င်းတွင် ပါဝင်လာသည့် Action Cetner သစ်သည် message များ၊ status update များ၊ email များနှင့် calendar event များကို တစ်နေရာတည်းတွင် ဖော်ပြပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် desktop များအကြား ပြောင်းလဲအသုံးပြုရာတွင် animation သစ်ကို အသုံးပြုထားပြီး monitor အများအပြားအကြား app များကို ပြောင်းလဲ အသုံးပြုရာတွင် keyboard shortcut သစ် (Windows key + Shift + arrow key) ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။


လက်ရှိတွင် Windows 10 Technical Preview ကို အသုံးပြုနေသူများသည် Windows Update မှတစ်ဆင့် အဆိုပါ update ကို အလိုအလျောက် download ပြုလုပ်ကာ install ပြုလုပ်ပေးမည် ဖြစ်သည်။ Windows Update မှ အလိုအလျောက် install ပြုလုပ်ချိန်ကို မစောင့်လိုသောသူများ အနေဖြင့် PC settings ရှိ Windows Update တွင် “Update and recovery” ကို နှိပ်ကာ Preview build ကို ရွေးချယ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

Ref: CNET
 
တင်သမျှပိုစ့်တွေ Facebook ကနေယူချင်ရင် ဒီမှာ Like နှိပ်ခဲ့ပေးပါ၊၊
အဆင်ပြေရင်အောက်ကကြော်ငြာတစ်ချက်လောက် Click ပေးပြီးကူညီခဲ့ပါ၊၊
  • Download လုပ်နည်းမသိလျှင်အောက်မှာဖတ်ပါ၊၊
  1. အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
  2. ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
  3.  ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
(Sudhan Pokhrel နည်းပညာ)
______________________________________________________________________________________ 

0 comments:

Post a Comment