Showing posts with label Wi-Fi နင့်ဆိုင်သော. Show all posts
Showing posts with label Wi-Fi နင့်ဆိုင်သော. Show all posts

Thursday, October 16, 2014

✉ Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK ✉


WIBR+ WIfi BRuteforce hack APK Download
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော့်ဆရာသမားလည်းဖြစ် ဆေးထိုးဖော်လည်းဖြစ်တဲ့
အိုင်တီ မုဆိုးပေးတဲ့ Application လေးဖြစ်ပါတယ်။ Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြောပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application လေးအကြောင်း သိချင်ရင် တော့ ကျွန်တော့်ဆရာ အိုင်တီမုဆိုးကိုမေးမြန်းနိုင်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။ရးကြီးတာတစ်ခုကတော့ သူ Hack ပေးနိုင်တဲ့ Wifi အမျိုးအစားတွေကတော့ WPA-PSK-WPA2-PSK စတာတွေကိုဘဲ Hack ပေးနိုင်ပါတယ်ဗျာ။

View bigger - WIBR+ WIfi BRuteforce hack for Android screenshot
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
 View bigger - WIBR+ WIfi BRuteforce hack for Android screenshot

အားလုံးပဲအဆင်ပြေနိုင်ပါစေ
 အဆင်ပြေရင်အောက်ကကြော်ငြာတစ်ချက်လောက် Click ပေးပြီးကူညီခဲ့ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
(Sudhan Pokhrel နည်းပညာ)
______________________________________________________________________________________ 

Monday, November 11, 2013

မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac


Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့ 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း မကောင်းရင်လည်း အလကားပါပဲ။

ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။

သေချာတာကတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။

Samsung Galaxy S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။


Credit ==> ဆရာသန်း
Credit:==>//https://www.facebook.com/consumerguide

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။