Tuesday, November 5, 2013

Android Device တွေမှာ boot animation ကို ပြောင်းကြည့်မယ်



Android Device တွေမှာ boot animation ကိုပြောင်းဖို့အတွက်
၁ ။ သင့်ဖုန်းက root ဖောက်ပြီးသားဖြစ်ရပါမယ်
၂ ။ root explore ဆော့ဝဲလ်လိုအပ်ပါတယ်
၃ ။ custom boot file လိုအပ်ပါမယ်
(boot animation တွေကို Google မှာလည်း ရှာလို့ရပါတယ်…)

ကဲအဲ့ဒါတွေ အကုန်စုံပြီဆိုရင်တော့ boot animation ကို ကိုယ်ကြိုက်တဲ့ animation ပြောင်းလို့ရပါပြီ

ကဲကဲ စလိုက်ရအောင်..။
အရင်ဦးဆုံး download ရလာတဲ့ bootanimation.zip ကို root explorer ဆော့ဝဲသုံးပြီး /system/media ဖိုလ်ဒါထဲကိုရွှေ့လိုက်ပါ.။

ရွှေ့ပြီးသွားပြီဆိုရင် bootanimation.zip ကို permission ပေးပါမယ်..။
bootanimation.zip ကို ခပ်ကြာကြာ(၃ စက္ကန့်လောက်)ဖိထားပြီး  permissions ကိုရွေးရမှာပါ..။အိုကေနော်
permission ကို rw-r-r ပုံစံရွေးပေးလိုက်ပါ..။
မရှင်းမှာစိုးလို့ rw-r-r ဆိုတာ ကို ပုံမှာကြည့်ပါ

ပြီးရင် ok ပေးလိုက်ပါ…။နောက်တစ်ဆင့်ကတော့ phone ကို restart လုပ်လိုက်ပါ ။ပြီးပါပြီ
သင့်ဖုန်းမှာ နဂို boot animation အစား သင်ပြောင်းထားတဲ့ animation လေးပေါ်ထွက်လာပါလိမ့်မယ်..။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Credit to : ထင်လင်းအောင်(နည်းပညာ)

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

0 comments:

Post a Comment