Wednesday, April 9, 2014

ထိုင်းနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင်ပြုလုပ်ထားသော ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများသိရှိစေရန်


9.4.2014

၂၀၁၃ခုနှစ်တွင်ပြုလုပ်ထားသော Passport စာအုပ်များမှာ အများသောသူများသည် အလုပ်ရှင်အဌား ဖြင့်ပြုလုပ်ထားသူများဖြစ်ကြပါသည်။ ထိုအချိန်က အလုပ်ရှင်များသည် အလုပ်သမားများကို မိမိတို့အလုပ်ရုံတွင်မခိုင်းပဲ ကိုတ ဌားရန်အသုံးပြုခဲ့ကြပြီး အခုအခါတွင် ထိုင်းအစိုးရမှ အလုပ်သမားတစ်ဦး ဘတ် ၁ဝဝဝ ကောက်သောအစီအစဉ် ဖြစ်ပေါ်လာသဖြင့် အလုပ်ရှင်များသည် မိမိတို့စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားများမရှိသောကြောင့် ဘတ် ၁ဝဝဝ စိုက်ထုပ်ရမည်ပုံစံဖြစ်ပေါ်လျှက်ရှိနေပါသည်။
 ထိုကြောင့်အလုပ်သမားများအား အသိမပေးပဲ ကျန့်အော် များထုတ်ယူနေကြပါသည် ကျန့်အော် ထုတ်လိုက်လျှင်အလုပ်ရှင်မှ ဘတ် ၁ဝဝဝ စိုက်ထုတ်စရာမလိုတော့ပဲ အလုပ်သမားမျာအတွက်နစ်နာစရာများဖြစ်ပေါ်လာနိုင်ပါသည်။

ထိုကြောင့်အလုပ်သမားများအနေဖြင့် အရင် Passport ပြုလုပ်ပေးထားသောပွဲစား သို့မဟုတ် အေးဂျင့်များ နှင့် အမြန်ဆုံးဆက်သွယ်ပြီး အရင်အလုပ်ရှင်မှ ကျန့်အော် တောင်းခံပြီး ယခုလက်ရှိ အလုပ်လုပ်နေသော အလုပ်ရှင်တွင် ကျန့်ခေါက် လုပ်ရန် လိုအပ်ပါသည်။ ထိုသို့မပြုလုပ်ပါက အလုပ်သမားများ ကိုင်ဆောင်ထားသော Passport များမှာ အခက်အခဲများ နစ်နာစရာများဖြစ်ပေါ်လာနိုင်ပါသည်ဟု အသိပေးအပ်ပါသည်။

Ref : ထိုင်းလုပ်သားသတင်း

Myanma Spectrum

No comments:

Post a Comment